သင်၏ ဂျပန်နိုင်ငံအိပ်မက်များကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ဖို့ သင်နှင့်အတူ အမြဲရှိနေမဲ့ Linkage

翻訳・通訳サービス
(စကားပြန်နှင့် ဘာသာပြန် ဝန်ဆောင်မှု)
日本での生活や手続きで、言葉の壁に困っていませんか? 当社では、日本にいるミャンマー人の皆様が、安心して日常生活や手続きを行えるよう、高品質な翻訳・通訳サービスを提供しています。
ဂျပန်နိုင်ငံမှာ နေထိုင်တဲ့အခါ ဒါမှမဟုတ် လုပ်ငန်းဆောင်ရွက်တဲ့အခါ ဘာသာစကားအခက်အခဲကြောင့် စိတ်ညစ်နေရပါသလား။ ကျွန်ုပ်တို့ကုမ္ပဏီမှ ဂျပန်ရောက် မြန်မာလူမျိုးများ မိမိတို့၏ နေ့စဉ်ဘဝနှင့် လုပ်ငန်းဆောင်တာများကို စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်ရန်အတွက် အရည်အသွေးမြင့် စကားပြန်နှင့် ဘာသာပြန်ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနေပါသည်။

サービス内容(ဝန်ဆောင်မှု အကြောင်းအရာများ)

こんなときにご利用ください...

ဘယ်လိုအခြေအနေမျိုးမှာ Linkage ကို ဆက်သွယ်ရမလဲ။

病院への通院・診察

ဆေးရုံ၊ ဆေးခန်းပြသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု

「日本語で体調や症状をうまく説明できるか不安…」というとき、病院への同行通訳をいたします。

「ဆေးရုံမှာ မိမိရဲ့ရောဂါလက္ခဏာကို ဂျပန်လို သေချာရှင်းပြနိုင်ပါ့မလား」လို့ စိတ်ပူနေပါသလား။ ဆေးရုံပြသမည့်ရက်တွင် စကားပြန်အဖြစ် လိုက်ပါကူညီပေးပါသည်။

大使館での手続き(パスポート・ビザ申請)

သံရုံးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ

ミャンマー大使館や入国管理局などでの、パスポート更新やビザ申請に必要な書類の翻訳をサポートします。

မြန်မာသံရုံး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး (နယူကန်) တို့တွင် ပတ်စပို့သက်တမ်းတိုးခြင်းနှင့် ဗီဇာလျှောက်ထားခြင်းများအတွက် လိုအပ်သော စာရွက်စာတမ်းများ ဘာသာပြန်ဆိုခြင်းကို ကူညီပံ့ပိုးပေးပါသည်။

会社の手続き(年末調整・書類提出)

ကုမ္ပဏီလုပ်ငန်းခွင်ဆိုင်ရာ စာရွက်စာတမ်းများ (နှစ်ချုပ်အခွန်စာရွက် - Nenmatshu Chosei)

仕事先で提出を求められる「年末調整」などの難しい書類の翻訳や、記入のサポートをいたします。

အလုပ်ခွင်မှာ တင်ပြရမည့် နားလည်ရခက်သော "နှစ်ချုပ်အခွန်ပြန်အမ်းငွေဖြည့်စွက်လွှာ (Nenmatshu Chosei)" အပါအဝင် အခြားစာရွက်စာတမ်းများကို ဘာသာပြန်ပေးခြင်းနှင့် ဖြည့်စွက်နိုင်ရန် ကူညီပေးပါသည်။

日本観光・アテンド通訳

ဂျပန်နိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် လာရောက်ခြင်း (ခရီးသွားစကားပြန်)

ミャンマーから家族や友人を日本に呼びたいとき、観光時の通訳やサポートもお任せください。

မြန်မာနိုင်ငံမှ မိသားစု သို့မဟုတ် သူငယ်ချင်းများကို ဂျပန်သို့ ခေါ်ယူကာ အပန်းဖြေခရီးထွက်လိုသည့်အခါ လိုအပ်သော ခရီးသွားစကားပြန် ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးပါသည်။

小さなことでも構いません。日本語やミャンマー語の翻訳・通訳で困ったときは、まずはLinkageまでお気軽にご相談ください!
ဂျပန်စာ၊ မြန်မာစာ ဘာသာပြန်နှင့် စကားပြန်လိုအပ်ချက်များအတွက် ဘာမဆို အခက်အခဲရှိပါက Linkage သို့ အချိန်မရွေး စိတ်အေးလက်အေး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Linkage合同会社

Copyright © Linkage Co., Ltd. All Rights Reserved.