သင်၏ ဂျပန်နိုင်ငံအိပ်မက်များကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ဖို့ သင်နှင့်အတူ အမြဲရှိနေမဲ့ Linkage

Linkage: Connecting Myanmar and Japan

Empowering Myanmar Youth for Career Success in Japan

私たちの思い・ビジョン (ကျွန်ုပ်တို့၏ ခံယူချက်နှင့် ရည်မှန်းချက်)

日本での挑戦を、確かな未来へ

ဂျပန်နိုင်ငံရှိ သင်၏စိန်ခေါ်မှုများမှသည် သေချာရေရာသော အနာဂတ်ဆီသို့

私たちは、日本で夢を追いかけるミャンマーの方々の「一番身近なパートナー」  でありたいと考えています。日本での就職、進学、そして日々の暮らし。その一つひ とつのステップには、期待とともに多くの不安が伴うものです。私たちは、   自身の経験と専門知識を活かし、一人ひとりの目標に合わせた最適なキャリアパスを 共に描き、その実現をトータルにサポートします。言葉の壁や文化の違い   を乗り 越え、皆様の可能性が最大限に発揮されること。そして、日本とミャンマー の架け橋として、共に成長していくこと。それがLinkageの願いです。

ကျွန်ုပ်တို့ Linkage သည် ဂျပန်နိုင်ငံတွင် အိပ်မက်များကို အကောင်အထည်ဖော်ရန် ကြိုးစားနေကြသည့် မြန်မာလူမျိုးများအတွက် "အနီးကပ်ဆုံးသော လက်တွဲဖော်"ဖြစ်လာရန် ရည်မှန်းထားပါသည်။ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေခြင်း၊ ပညာသင်ကြားခြင်းနှင့် နေ့စဉ်လူမှုဘဝ ဖြတ်သန်းခြင်း စသည့် ခြေလှမ်းတိုင်းတွင် မျှော်လင့်ချက်များနှင့်အတူ စိုးရိမ်ပူပန်မှုများစွာ ရှိနေတတ်သည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုယ်တွေ့အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ တစ်ဦးချင်းစီ၏ ရည်မှန်းချက်နှင့်ကိုက်ညီမည့် အကောင်းဆုံးသော အနာဂတ်လမ်းကြောင်းများကို အတူတကွ ပုံဖော်ပေးပြီး၊ ထိုရည်မှန်းချက်များ အောင်မြင်သည်အထိ အစအဆုံး အပြည့်အဝပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။ဘာသာစကားနှင့် ယဉ်ကျေးမှု အတားအဆီးများကို ကျော်လွှားပြီး သင်၏ စွမ်းဆောင်ရည်များကို အပြည့်အဝထုတ်ဖော်နိုင်စေရန်၊ ထို့အပြင် ဂျပန်နှင့် မြန်မာနိုင်ငံကြား ခိုင်မာသော တံတားတစ်စင်းအဖြစ် အတူတကွ လက်တွဲတိုးတက်သွားရန်မှာ Linkage ၏ စစ်မှန်သော ဆန္ဒပင် ဖြစ်ပါသည်။

ミッション(使命) (ကျွန်ုပ်တို့၏ တာဝန်နှင့် ရည်မှန်းချက်)

個人の可能性を最大化し、日本での豊かな 未来を共に創る

တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်နှင့် ဂျပန်နိုင်ငံတွင် တောက်ပသော အနာဂတ်ကို အတူတကွ တည်ဆောက်ရန်

私たちは、ミャンマーの若者や専門家が日本という新たな 舞台で、自らの才能を存分 に発揮できる環境を整えることを使命としています。単なるマッチングにとどまらず、 教育、キャリア、そして生活の質の向上を支援することで、一人ひとりが日本社会で 自立し、輝ける未来を創造することに全力を尽くします。

ကျွန်ုပ်တို့၏ တာဝန်မှာ မြန်မာလူငယ်များနှင့် ပညာရှင်များအတွက် ဂျပန်နိုင်ငံတည်းဟူသော စိန်ခေါ်မှုအသစ်များရှိရာ နယ်ပယ်တွင် မိမိတို့၏ အရည်အချင်းများကို အပြည့်အဝ ထုတ်ဖော်နိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ဖြစ်ပါသည်။ အလုပ်အကိုင် ချိတ်ဆက်ပေးရုံသာမက ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝ အရည်အသွေး မြင့်မားလာစေရန် ပံ့ပိုးကူညီပေးခြင်းဖြင့် လူတိုင်း ဂျပန်လူ့အဖွဲ့အစည်းအတွင်း ကိုယ်ပိုင်ခြေထောက်ပေါ် ရပ်တည်ကာ တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်စေရန် ကျွန်ုပ်တို့က အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

サービス内容

(Linkage Career Supportမှပံ့ပိုးပေးနေသော ဝန်ဆောင်မှုများ)

人材紹介・就職支援サービス
(အလုပ်အကိုင် မိတ်ဆက်ပေးခြင်းနှင့် အလုပ်ရှာဖွေမှု ပံ့ပိုးကူညီခြင်း)

日本国内での就職や転職を希望する皆様に、ご自身のスキルや経験にぴったりの企業をご紹介します。求人情報の提供から内定獲得まで、一貫してサポートいたします。

ဂျပန်နိုင်ငံအတွင်း အလုပ်အကိုင်အသစ်ရှာဖွေနေသူများအတွက် မိမိ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် အကိုက်ညီဆုံးဖြစ်မည့် ကုမ္ပဏီများကို မိတ်ဆက်ပေးပါသည်။ အလုပ်ခေါ်စာများ ရှာဖွေပေးခြင်းမှသည် အလုပ်ခန့်အပ်လွှာ (Offer Letter) ရရှိသည်အထိ အဆင့်တိုင်းတွင် ကူညီပေးသွားမည် ဖြစ်သည်။

学校申込サポート
(ပညာရေး ဝန်ဆောင်မှုများ)

日本語学校、専門学校、大学への入学手続きを全面的にサポートいたします。複雑な書類作成や学校選びも、プロのコンサルタントが丁寧に対応します。

ဂျပန်စာသင်ကျောင်း (Language School)၊ သက်မွေးဝမ်းကျောင်းကောလိပ် (Vocational College) နှင့် တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်လျှောက်ထားခြင်း လုပ်ငန်းစဉ်အားလုံးကို ကျွန်ုပ်တို့မှ အပြည့်အဝ တာဝန်ယူပေးပါသည်။ ရှုပ်ထွေးသော စာရွက်စာတမ်း ပြင်ဆင်ခြင်းနှင့် ကျောင်းရွေးချယ်ခြင်းများကို ကျွမ်းကျင်သူများက သေချာစွာ အကြံပေးဆောင်ရွက်ပေးပါသည်။

日本での就労に不可欠な日本語力、そしてビジネスマナーや異文化理解を深めるための教育を行います。就職活動のサポートからキャリア形成のアドバイスまで、一人ひとりの将来に寄り添ったトレーニングプログラムを構築します。

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရာတွင် မရှိမဖြစ်လိုအပ်သော ဂျပန်ဘာသာစကား အရည်အချင်း၊ စီးပွားရေးလုပ်ငန်းခွင်ဆိုင်ရာ ယဉ်ကျေးမှုနှင့် အပြုအမူများကို နားလည်သဘောပေါက်စေရန် သင်ကြားပေးပါသည်။အလုပ်အကိုင်ရှာဖွေရေး အထောက်အကူပြုမှုမှသည် အနာဂတ်လမ်းကြောင်း ဖော်ဆောင်ရေး အကြံပေးမှုအထိ တစ်ဦးချင်းစီ၏ အနာဂတ်အတွက် အကောင်းဆုံး လေ့ကျင့်ရေးအစီအစဉ်များကို ဖော်ဆောင်ပေးပါသည်။

教育トレーニング
(သင်တန်းနှင့် လေ့ကျင့်သင်ကြားရေး)
翻訳・通訳サポートサービス
(ဘာသာပြန်နှင့် စကားပြန် အထောက်အကူပြု ဝန်ဆောင်မှု)

行政手続きに必要な書類を、正確かつ迅速に翻訳いたします。専門用語にも対応し、公的な機関でそのまま受理される高品質な翻訳サービスを提供しております。言葉の壁による不安を解消するため、専門スタッフが各窓口へ同行し、円滑なコミュニケーションをサポートいたします。

အစိုးရဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် လိုအပ်သော စာရွက်စာတမ်းများကို တိကျမှန်ကန်စွာ ဘာသာပြန်ဆိုပေးပါသည်။ နည်းပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကိုပါ စနစ်တကျ ပြန်ဆိုပေးပြီး သက်ဆိုင်ရာရုံးများတွင် တိုက်ရိုက်အသုံးပြုနိုင်သည့် အရည်အသွေးဖြင့် ဝန်ဆောင်မှုပေးပါသည်။ဘာသာစကားအခက်အခဲကြောင့် စိတ်ပူပန်မှုမရှိစေရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်ဝန်ထမ်းများက (သက်ဆိုင်ရာရုံးများသို့) လူကိုယ်တိုင် လိုက်ပါကူညီပေးပါသည်။

就職・教育キャリアコンサルティング
(အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ Career Consulting ဝန်ဆောင်မှု)

日本での就職や進学を目指す方々へ、一人ひとりの目標に合わせた最適なキャリアパスを提案し、その実現をトータルにサポートいたします。日本での夢を次のステージへ。Linkageは、あなたと共に歩みます。

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရရှိရန် သို့မဟုတ် ပညာဆက်လက်သင်ကြားရန် ရည်မှန်းထားသူများအတွက် တစ်ဦးချင်းစီ၏ ရည်မှန်းချက်နှင့် ကိုက်ညီမည့် အကောင်းဆုံးသော အနာဂတ်လမ်းကြောင်းများကို အကြံပြုဖော်ဆောင်ပေးပါသည်။သင်၏ ဂျပန်နိုင်ငံအိပ်မက်များကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ဖို့ Linkage က သင်နှင့်အတူ အမြဲရှိနေမှာပါ။

Linkage合同会社

Copyright © Linkage Co., Ltd. All Rights Reserved.