キャリアコンサルティング
(အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း (သို့မဟုတ်) အလုပ်အကိုင်လမ်းညွှန်မှု ပေးခြင်း)
言葉を武器に、未来を拓く……
あなたの「学び」と「経験」を理想のキャリアに繋ぐコンサルティング
စကားလုံးစွမ်းအားဖြင့် အနာဂတ်ကို လမ်းဖွင့်ပါ။
သင်၏ "သင်ယူလေ့လာမှု" နှင့် "အတွေ့အကြုံ" များကို အကောင်းဆုံးသော အသက်မွေးဝမ်းကျောင်း တိုးတက်မှုများနှင့်
ချိတ်ဆက်ပေးမည့် တိုင်ပင်ဆွေးနွေးမှု ဝန်ဆောင်မှု။
キャリアコンサルティング 3つの強み
(Careerတိုင်ပင်ဆွေးနွေးမှုဆိုင်ရာ အဓိကအားသာချက် (၃) ချက်)
1.「教育」から「就職」までの一気通貫サポート
"ပညာရေး" မှသည် "အလုပ်အကိုင်ရရှိရုံသာမက" အစအဆုံး တစ်ဆက်တည်း ပံ့ပိုးကူညီမှု
私たちは単なるお仕事の紹介会社ではありません。あなたの現状のスキルを分析し、足りない部分があれば「教育・学び」の提案から、実際の「就職・転職」の面接対策、さらには就業後のフォローまで、あなたの成長に長く寄り添います。
ကျွန်ုပ်တို့သည် ရိုးရှင်းသော အလုပ်ရှာဖွေရေးအေဂျင်စီတစ်ခု မဟုတ်ပါ။ သင်၏ လက်ရှိအရည်အချင်းများကို ဆန်းစစ်ပေးပြီး လိုအပ်ချက်များရှိပါက "ပညာရေးနှင့် လေ့လာသင်ယူမှု" ဆိုင်ရာ အကြံပြုချက်များမှစ၍၊ လက်တွေ့ "အလုပ်အကိုင်ရရှိရေးနှင့် အလုပ်ပြောင်းရွှေ့ရေး" အတွက် လူတွေ့စစ်ဆေးခြင်း (Interview) ပြင်ဆင်မှုများအပြင်၊ အလုပ်ဝင်ပြီးနောက်ပိုင်း နောက်ဆက်တွဲ စောင့်ရှောက်မှုများအထိ သင်၏ ရေရှည်တိုးတက်မှုအတွက် အမြဲတမ်း အတူတကွ ရှိနေပေးမည့် အဖော်မွန် ဖြစ်ပါသည်။
2.「語学・グローバルキャリア」への圧倒的な専門性
"ဘာသာစကားနှင့် Global Career" ဆိုင်ရာ အပြည့်အဝ ကျွမ်းကျင်မှု
通訳・翻訳業務を通じて培った、グローバルビジネスの現場や求められるスキルへの深い理解があります。「語学力を活かしたい日本人」や「日本で活躍したい外国籍の方」に対して、市場価値を最大限に高める具体的なアドバイスが可能です。
ကျွန်ုပ်တို့သည် စကားပြန်နှင့် ဘာသာပြန်လုပ်ငန်းများမှတစ်ဆင့် Globalစီးပွားရေးနယ်ပယ်နှင့် လိုအပ်သော အရည်အချင်းများအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားပါသည်။ "ဘာသာစကားကျွမ်းကျင်မှုကို အသုံးချလိုသော ဂျပန်လူမျိုးများ" နှင့် "ဂျပန်နိုင်ငံတွင် အောင်မြင်စွာ လုပ်ကိုင်လိုသော နိုင်ငံခြားသားများ" အတွက် မိမိတို့၏ လုပ်ငန်းခွင်တန်ဖိုးကို အမြင့်မားဆုံးဖြစ်အောင် မြှင့်တင်ပေးနိုင်မည့် လက်တွေ့ကျသော အကြံဉာဏ်များကို ပေးစွမ်းနိုင်ပါသည်။
3.安心のパーソナル伴走
စိတ်ချရသော တစ်ဦးချင်းအနီးကပ် ပံ့ပိုးကူညီမှု
キャリアの悩みは人それぞれ。経験豊富なキャリアコンサルタントが、あなた自身の「どう生きたいか」「どう働きたいか」という想いを第一に引き出し、現実的なアクションプランに落とし込みます。
လူတစ်ဦးစီတွင် Careerဆိုင်ရာ သောကနှင့် အခက်အခဲများ ကိုယ်စီရှိကြပါသည်။ အတွေ့အကြုံရင့်ကျက်သောသူများက သင်ကိုယ်တိုင်၏ "ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်ချင်လဲ" ၊ "ဘယ်လိုပုံစံမျိုးနဲ့ အလုပ်လုပ်ချင်လဲ" ဆိုသည့် ဆန္ဒများကို အဓိကထား ဖော်ထုတ်ပေးပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် လုပ်ဆောင်ချက်အစီအစဉ် (Action Plan) များကို ရေးဆွဲပေးသွားမည်ဖြစ်ပါသည်။


相談の流れ
(ဆွေးနွေးတိုင်ပင်ခြင်း အဆင့်ဆင့်)
ステップ1:申込み・受付 (Application & Reception)
概要: WEBフォームまたはお電話にて、ご希望の日時で面談をご予約いただきます。
ポイント: 事前に簡単なアンケート(これまでの経歴や今回相談したいことなど)をご記入いただくことで、初回からスムーズなカウンセリングが可能になります。
ステップ2:初回カウンセリング (Initial Counseling)
概要: 専任のキャリアコンサルタントとの初回の面談です。
ポイント: リラックスした雰囲気の中で、これまでのキャリアや現在の状況(お悩み・課題)をじっくり共有します。その上で、このコンサルティングを通じて「どのようなゴールを目指すか」という目標設定を行います。
ステップ3:自己理解・分析 (Self-Understanding & Analysis)
概要: ワークや対話を通じて、ご自身の「強み」や「価値観」を深く掘り下げるフェーズです。
ポイント: 客観的な視点を入れることで、自分一人では気づかなかった適性や可能性の再発見を促します。これまでのキャリアの棚卸しを丁寧に行います。
ステップ4:アクションプラン策定 (Action Plan Development)
概要: 導き出した目標や自己分析の結果をもとに、具体的な行動計画(プラン)を立てます。
ポイント: 「いつまでに、何を、どうやって進めるか」という実践的な具体策を決めるとともに、必要なスキルアップの方法や、情報収集のルートなども明確にします。
ステップ5:フォローアップ・実践 (Follow-up & Implementation)
概要: プランに沿って実際に行動へ移す相談者様を、継続的にサポートします。
ポイント: 定期的な進捗確認や面談を行い、行動する中で生じた新たな疑問や不安をその都度解消。目標達成まで一緒に並走いたします。


အဆင့် ၁။ လျှောက်ထားခြင်းနှင့် လက်ခံခြင်း (Application & Reception)
အကျဉ်းချုပ်: မိမိဆွေးနွေးလိုသော နေ့ရက်နှင့် အချိန်ကို WEB Form သို့မဟုတ် ဖုန်းဖြင့် ကြိုတင် Booking ပြုလုပ်ရပါမည်။
အချက်အလက်: ဆွေးနွေးမှုမစတင်မီ မိမိ၏ ယခင်လုပ်ငန်းအတွေ့အကြုံနှင့် ယခုအဓိကဆွေးနွေးလိုသည့် အကြောင်းအရာများပါဝင်သော ရိုးရှင်းသည့် ကြိုတင်မေးခွန်းပုံစံ (Survey) ကို ဖြည့်စွက်ပေးရပါမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ပထမဆုံးအကြိမ် ဆွေးနွေးမှုကတည်းကပင် အချိန်ကုန်သက်သာပြီး ထိရောက်သော ကောင်စီလင်ကို ရရှိစေပါသည်။
အဆင့် ၂။ ပထမဆုံးအကြိမ် ကောင်စီလင်ဆွေးနွေးခြင်း (Initial Counseling)
အကျဉ်းချုပ်: ကာရီယာဆိုင်ရာ ကျွမ်းကျင်အကြံပေးပညာရှင်နှင့် ပထမဆုံးအကြိမ် လူချင်းတွေ့၍ဖြစ်စေ၊ Online စနစ်ဖြင့်ဖြစ်စေ စတင်ဆွေးနွေးခြင်း ဖြစ်သည်။
အချက်အလက်: စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်မည့် ပတ်ဝန်းကျင်တစ်ခုတွင် မိမိ၏ ယခင်ကာရီယာဖြတ်သန်းမှု၊ လက်ရှိအခြေအနေနှင့် ရင်ဆိုင်နေရသော စိုးရိမ်ပူပန်မှု၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြပါမည်။ ထို့နောက် ဤဆွေးနွေးမှုများမှတစ်ဆင့် "မည်သည့်ပန်းတိုင်သို့ အရောက်လှမ်းမည်နည်း" ဆိုသည့် ရည်မှန်းချက်ကို အတူတကွ သတ်မှတ်ကြပါမည်။
အဆင့် ၃။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်းနှင့် လေ့လာခြင်း (Self-Understanding & Analysis)
အကျဉ်းချုပ်: မေးခွန်းများ၊ ဆွေးနွေးမှုများနှင့် လုပ်ငန်းစဉ်များမှတစ်ဆင့် မိမိ၏ "အားသာချက်များ" နှင့် "တန်ဖိုးထားမှုများ" ကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ဖော်ထုတ်သည့် အဆင့်ဖြစ်သည်။
အချက်အလက်: အကြံပေးပညာရှင်၏ ဘက်လိုက်မှုမရှိသော အမြင်ဖြင့် လေ့လာဆန်းစစ်ပေးခြင်းကြောင့် မိမိဘာသာ တစ်ယောက်တည်း စဉ်းစားစဉ်က သတိမထားမိခဲ့သော ပင်ကိုယ်အရည်အချင်း၊ သင့်တော်မည့်အလုပ်နှင့် အလားအလာသစ်များကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ပါသည်။ မိမိဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းကို သေချာစွာ ပြန်လည်စစ်ဆေးနိုင်မည့် အဆင့်လည်း ဖြစ်သည်။
အဆင့် ၄။ လက်တွေ့လုပ်ဆောင်မည့် အစီအစဉ်များ ရေးဆွဲခြင်း (Action Plan Development)
အကျဉ်းချုပ်: သတ်မှတ်လိုက်သော ပန်းတိုင်များနှင့် မိမိကိုယ်ကိုယ်ဆန်းစစ်မှု ရလဒ်များအပေါ် အခြေခံ၍ လက်တွေ့လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အစီအမံ (Plan) ကို စနစ်တကျ ရေးဆွဲပါသည်။
အချက်အလက်: "ဘယ်အချိန်မှာ၊ ဘာကို၊ ဘယ်လိုနည်းလမ်းနဲ့ ရှေ့ဆက်မလဲ" ဆိုသည့် လက်တွေ့ကျသော အစီအစဉ်များကို ချမှတ်ပေးသည့်အပြင်၊ မိမိအတွက် လိုအပ်မည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ မွမ်းမံမှု (Skill-up) နည်းလမ်းများနှင့် သတင်းအချက်အလက် ရှာဖွေစုဆောင်းရမည့် လမ်းကြောင်းများကိုပါ ရှင်းလင်းပြတ်သားစွာ သတ်မှတ်ပေးပါသည်။
အဆင့် ၅။ အနီးကပ်စောင့်ကြည့်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ခြင်း (Follow-up & Implementation)
အကျဉ်းချုပ်: ချမှတ်ထားသော အစီအစဉ်အတိုင်း လက်တွေ့စတင်လှုပ်ရှားဆောင်ရွက်နေသော ဆွေးနွေးသူအား ရပ်တန့်မသွားစေရန် စဉ်ဆက်မပြတ် ဆက်လက်ပံ့ပိုးကူညီပေးသည့် အဆင့်ဖြစ်သည်။
အချက်အလက်: သတ်မှတ်ထားသော ကာလအလိုက် လုပ်ငန်းတိုးတက်မှု အခြေအနေများကို ပုံမှန်ပြန်လည်စစ်ဆေးပြီး၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် မေးခွန်းအသစ်များနှင့် စိုးရိမ်ပူပန်မှုများကို အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးပါသည်။ သတ်မှတ်ထားသော ပန်းတိုင်သို့ ရောက်ရှိသည်အထိ အတူတကွ အနီးကပ် ရင်ပေါင်တန်း လိုက်ပါဆောင်ရွက်ပေးပါသည်။
Linkage合同会社
Copyright © Linkage Co., Ltd. All Rights Reserved.
