သင်၏ ဂျပန်နိုင်ငံအိပ်မက်များကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ဖို့ သင်နှင့်အတူ အမြဲရှိနေမဲ့ Linkage

教育支援事業(ပညာရေးပံ့ပိုးမှုကဏ္ဍ)

弊社は、日本での進学や将来の活躍を夢見る優秀なミャンマー人留学生と、 日本国内の優れた日本語学校・専門学校様とをつなぐ架け橋として、総合的な留学支援 (Education Support)を行っております。

ကျွန်ုပ်တို့ Linkage 合同会社 သည် ဂျပန်နိုင်ငံတွင် ပညာဆက်လက်သင်ယူပြီး အနာဂတ်တွင် အောင်မြင်မှုရရှိရန် အိပ်မက်ရှိကြသော ထူးချွန်သည့် မြန်မာကျောင်းသားများနှင့် ဂျပန်ရှိ အရည်အသွေးမြင့် ဘာသာစကားကျောင်းများ၊ သက်မွေးဝမ်းကျောင်းကောလိပ်များကို ခိုင်မာစွာ ချိတ်ဆက်ပေးနေသည့် ဘက်စုံသုံး ပညာရေးတံတားတစ်စင်း ဖြစ်ပါသည်။

【主な留学コース / အဓိက လမ်းကြောင်းများ】

  • 日本語学校・専門学校進学コース:

    東京、大阪、埼玉、千葉、京都、岡山、愛媛など、日本全国の主要都市にある提携校(現在9校)の中から、学生一人ひとりの将来の夢や進路に合わせて、最適な学校とのマッチングを行います。確かな進学・就職実績を持つ学校への留学を総合的にサポートします。

    တိုကျို၊ အိုဆာကာ၊ ဆိုင်းတမ၊ ချိဘ၊ ကျိုတို၊ အိုကာရမနှင့် အိမဘရိ အပါအဝင် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ အဓိကမြို့ကြီးများတွင်ရှိသော ပါတနာကျောင်းများ (လက်ရှိ ၉ ကျောင်း) ထဲမှ ကျောင်းသားတစ်ဦးချင်းစီ၏ ရည်မှန်းချက်၊ ဝါသနာနှင့် ကိုက်ညီမည့် အကောင်းဆုံးကျောင်းများကို ရွေးချယ်ချိတ်ဆက်ပေးပါသည်။ ဂျပန်တွင် ပညာဆက်လက်သင်ကြားရန်နှင့် အလုပ်အကိုင်ရရှိရန်အတွက် ခိုင်မာသောလမ်းကြောင်းများ ရှိသည့် ကျောင်းများသို့ တက်ရောက်နိုင်အောင် ဘက်စုံမှ ပံ့ပိုးကူညီပေးနေပါသည်။

  • 新聞奨学生コース(新聞奨学金):

    経済的な自立と日本での学びを両立させたい学生を対象としたコースです。学費や住居費の支援を受けながら、自力を尽くして学びたいという「強い覚悟」と「勤勉さ」を持った優秀な学生を厳選し、日本の学校および新聞奨学会様へご紹介しています。

    မိမိခြေထောက်ပေါ်မိမိရပ်တည်ပြီး စီးပွားရေးအရ အမှီအခိုကင်းစွာဖြင့် ဂျပန်တွင် ပညာသင်ကြားလိုသည့် ကျောင်းသားများအတွက် အထူးလမ်းကြောင်းဖြစ်ပါသည်။ ကျောင်းလခနှင့် နေစရာအဆောင်စရိတ်များကို ပညာသင်ဆုအဖြစ် ထောက်ပံ့မှုရရှိမည်ဖြစ်ပြီး၊ မိမိကိုယ်ပိုင်ကြိုးစားမှုဖြင့် အောင်မြင်လိုသည့် "ပြတ်သားသော စိတ်ဓာတ်" နှင့် "ဝီရိယရှိမှု" အပြည့်ရှိသော ထူးချွန်ကျောင်းသားများကိုသာ စိစစ်ရွေးချယ်၍ ဂျပန်ရှိ ကျောင်းများနှင့် သတင်းစာပညာသင်ဆုအဖွဲ့အစည်းများသို့ မိတ်ဆက်ပေးနေပါသည်။

  • 介護奨学生コース(介護奨学金):

    日本の介護福祉分野での長期的な活躍・キャリア形成を目指す学生のためのコースです。ミャンマー現地での事前教育を通じ、日本語力だけでなく仕事への心構えを養った上で、学費等の支援(奨学金)を提供してくださる日本国内の介護施設・医療法人様へと確実につなぎます。

    ဂျပန်နိုင်ငံ၏ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးလုပ်ငန်းကဏ္ဍတွင် ရေရှည်အောင်မြင်စွာ လုပ်ကိုင်လိုပြီး professional Career တစ်ခု တည်ဆောက်လိုသည့် ကျောင်းသားများအတွက် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပါတနာကျောင်းများတွင် ဂျပန်စာသာမက လုပ်ငန်းခွင်ဆိုင်ရာ စိတ္တဗေဒများကိုပါ ကြိုတင်သင်ကြားလေ့ကျင့်ပေးပြီးနောက်၊ ကျောင်းလခနှင့် ထောက်ပံ့ကြေးများ (Scholarship) ပေးအပ်မည့် ဂျပန်ရှိ ဘိုးဘွားရိပ်သာများနှင့် ဆေးဘက်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးများသို့ စိတ်ချရစွာ တိုက်ရိုက်ချိတ်ဆက်ပေးပါသည်။

【私たちの強み / ကျွန်ုပ်တို့ရဲ့ အားသာချက်】

  • 確かな実績と信頼 (ခိုင်မာသော မှတ်တမ်းနှင့် ယုံကြည်မှု):

    2022年4月の事業開始以来、すでに100名以上のミャンマー人留学生の送り出し実績があり、多くの学生が現在も 日本国内で真面目に学んでいます。

    ၂၀၂၂ ခုနှစ် ၄ လပိုင်းမှ စတင်၍ ယနေ့အထိ မြန်မာကျောင်းသားပေါင်း ၁၀၀ ကျော်ကို ဂျပန်သို့ အောင်မြင်စွာ စေလွှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ကျောင်းသားအများအပြားသည် ယခုအခါတွင်လည်း ဂျပန်နိုင်ငံ၌ စနစ်တကျ ကြိုးစားပညာသင်ယူနေကြဆဲ ဖြစ်ပါသည်။

  • 現地有力校との強固なパートナーシップ (မြန်မာနိုင်ငံရှိ နာမည်ရကျောင်းကြီးများနှင့် လက်တွဲထားမှု):

    ミャンマー現地の有力日本語学校である RI Career Support (RI IT College)と専属の業務提携を結んでいます。

    မြန်မာနိုင်ငံတွင် စနစ်ကျပြီး အောင်မြင်မှုနှုန်းမြင့်မားသော RI Career Support ဂျပန်ဘာသာစကားသင်ကျောင်းကြီးများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေပါသည်။

  • 徹底した入国前教育 (ပြည်ပမထွက်ခွာမီ သေချာစွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း):

    日本語能力(N4以上)の向上はもちろん、日本の生活マナー、ルール、そして新聞配達に必要なバイク免許の準備や介護の仕事に対する心構えなど、入国前のスクリーニングと指導を徹底しています。

    ဂျပန်စာအရည်အချင်း (N4 အထက်) သာမက၊ ဂျပန်လူနေမှုစနစ်၊ စည်းကမ်းများနှင့် သတင်းစာဝေရန် လိုအပ်သော ဆိုင်ကယ်လိုင်စင်ပြင်ဆင်မှု၊ ကိုင်ဂိုလုပ်ငန်းအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှုများကို မထွက်ခွာမီကတည်းက သေချာစွာ စိစစ်လေ့ကျင့်ပေးပါသည်။

Linkage合同会社

Copyright © Linkage Co., Ltd. All Rights Reserved.